Monday, April 30, 2012
ဒါလေးက မြန်မာပြည်ကို ပြောထားတဲ့ဟာလေးပါ (၁၈ နှစ်အထက်ပဲနော်)

ESET NOD 32 KEYS DOWNLOAD ( 23.4.2012 )
NOD 32 အသုံးပြုသူ User များအတွက် ( 23.4.2012 ) ထွက်တဲ့ Username နဲ့
Password တွေ တင်ပေးလိုက်ပါတယ် .. ကျွန်တော် အောက်မှာ ပေးထားတဲ့ လင့်ကနေ
သွားပြီး အလွယ်တကူ ယူပြီး အသုံးပြု နိုင်မှာ ဖြစ်ပါတယ် ..
NOD 32 Username and Password = Click Here
Kapersky Daily Keys Download ( 24.4.2012 )
အားလုံပဲအဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ..
Sunday, April 22, 2012
လိုအပ်တာလေးတွေ ယူသွားပါ
Latest updates
21 Apr 2012
21 Apr 2012
20 Apr 2012
20 Apr 2012
20 Apr 2012
20 Apr 2012
20 Apr 2012
19 Apr 2012
19 Apr 2012
19 Apr 2012
![]() | Google Earth 6.2.2.6613Google - 16.65MB (Freeware)Google Earth lets you fly anywhere on Earth to view satellite imagery, maps, terrain, 3D buildings, from galaxies in outer space to the canyons of the... |
![]() | The Bat! Home Edition 5.1.0RITLABS - 6.73MB (Commercial Trial)The Bat! mail client has a lot of vital benefits and useful features that make your email experience simple and convenient. All these features perfect... |
![]() | uTorrent 3.1.3 Build 27092Ludvig Strigeus - 859KB (Freeware)µTorrent is a small and incredibly popular BitTorrent client. |
![]() | Any Video Converter 3.3.7AVC - 22.70MB (Freeware)Any Video Converter is an All-in-One video converting tool with easy-to-use graphical interface, fast converting speed and excellent video quality. It... |
![]() | Google Chrome 20.0.1105.2 DevGoogle - 25.63MB (Open Source)Google Chrome is a browser that combines a minimal design with sophisticated technology to make the web faster, safer, and easier. |
![]() | GOM Player 2.1.40.5106Gretech - 9.84MB (Freeware)GOM is a FREE media player with popular audio & video codecs built-in. |
![]() | Maxthon 3.3.7.2000Maxthon International Ltd - 25.24MB (Freeware)Maxthon Internet Browser software is a powerful tabbed browser with a highly customizable interface. It is based on the Internet Explorer browser engi... |
![]() | Adobe Air 3.3.0.3360 Beta 2Adobe Systems Inc - 14.48MB (Freeware)The Adobe® AIR, runtime enables you to have your favorite web applications with you all the time. Since applications built for Adobe AIR run on your d... |
![]() | FrostWire 5.3.5FrostWire - 9.91MB (Open Source)FrostWire, a BitTorrent client (formerly a Gnutella client), is a collaborative effort from many Open Source and freelance developers located from all... |
![]() | ACDSee 14.2.157ACD Systems - 71.77MB (Commercial Demo)ACDSee - the most powerful photo manager around is now even faster. Way faster. No other photo software saves you so much time. Enjoy the freedom to f... |
Thursday, April 19, 2012
Blog တစ်ခုရေးတော့မယ် ဆိုရင်...
Blog မလုပ်ခင် အရင်စဉ်းစားပါ
Blog ရေးတာ အိမ်ဆောက်တာနဲ့ တူပါတယ်။ အိမ်သာတော့ ဧည့်လာတယ်ဆိုတော့လည်း ကိုယ့်အိမ် လေးကို လူတွေအလာများအောင် နည်းအမျိုးမျိုးနဲ့ လှအောင်ပအောင် စုံလင်အောင် ရေးကြ၊ ဖိတ်ကြ တာပါပဲ။ ကိုယ့် blog လေးကို လူအလာများရင် ရလာတဲ့ ပီတိကိုတော့ blogger တိုင်း သိကြမှာပါ။ blogger မဟုတ်တဲ့သူတွေ ကျတော့လည်း ဟိုအိမ်သွားလည်၊ ဒီအိမ်သွားလည်နဲ့ ခြေတွေလည်း အတော်ညောင်း ကြတာပေါ့လေ။ အများအားဖြင့် Blog တွေဖတ်တာများလာရင် ကိုယ်ကိုယ်တိုင်လည်း ကိုယ်ပိုင် Blog လေးတစ်ခုလောက်တော့ ရေးချင်စိတ်ပေါ်လာကြတာပါပဲ။ ဒါပေမဲ့ Blog ရေးတာဟာ ဘယ်လောက် တာဝန်ကြီးတယ်ဆိုတာ သိရင် နည်းနည်းလေးများ လက်တွန့်သွားကြမလားပဲ။
နံပါတ်တစ်- ရေးမည့်အကြောင်းအရာကို သေချာရွေးချယ်ပါ
Blog ရေးမယ်လို့ ပထမဆုံးစဉ်းစားလိုက်တာနဲ့ ဘယ်အကြောင်းအရာကို ရေးမှာလဲဆိုတာကို စဉ်းစားပါ။ ဟိုဟာလျှောက်ရေး၊ ဒီဟာလျှောက်ရေးနေလို့တော့ မဖြစ်ပါဘူး။ ကိုယ်ဟာ ဘယ်အပိုင်းမှာ ကျွမ်းကျင် သလဲ၊ ကိုယ်ကျွမ်းကျင်တဲ့အပိုင်းကိုသာ ရေးပါ။ ဘယ်ဟာကိုမှ ပိုင်ပိုင်နိုင်နိုင်မသိပဲနဲ့ Blog ရေးမယ်ဆိုရင် အလကားနေရင်း လူအထင်သေးခံရနိုင်ပါတယ်။ အင်တာနက်သုံးနေတဲ့သူတွေ၊ ဘလော့ခ်တွေကို လိုက် ဖတ်နေတဲ့သူတွေထဲမှာ ပညာရှင်တွေ ပါတယ်ဆိုတာ သတိထားပါ။ ကိုယ်က သီချင်းတွေကို ခံစားတတ် ရင်၊ သုံးသပ်ဝေဖန်တတ်ရင် အဲဒီအကြောင်းတွေကို ရေးပေါ့။ ဒါတောင်မှ တကယ်တမ်းပြောရရင် မတိကျ သေးပါဘူး။ သီချင်းအကြောင်း ရေးတာတောင်မှ အနောက်တိုင်းသီချင်းတွေလား၊ မြန်မာသီချင်း အ ကြောင်း လား၊ မြန်မာသီချင်းတောင်မှ Rock အကြောင်းရေးမှာလား၊ Hip Hop အကြောင်းရေးမှာလား စသည်ဖြင့် တိတိကျကျ ရွေးချယ်မှ ဖြစ်မှာပါ။
နံပါတ်သုံး- Home Page ကို လှအောင် လုပ်နိုင်ရဲ့လား
ကိုယ့် Blog ကို ဖွင့်ဖွင့်ချင်း တက်လာတဲ့ Home Page ဟာ Main Point ပါ။ ဒီ Page ဟာ အရမ်းကြီး မဟုတ်တောင်မှ ဆွဲဆောင်နိုင်စွမ်းရှိရပါ့မယ်။ အရောင်တွဲစပ်မှုတွေ မှန်ရမယ်၊ Navigation လုပ်တာ လွယ်ရမယ်၊ Font တွေရဲ့ Color, Size တွေကို သတိထားရမယ်။ အဖြူရောင် စာမျက်နှာပေါ်မှာ အနက် ရောင်စာလုံးနဲ့ ရေးရင် လူ့မျက်လုံးဟာ ကြာကြာဖတ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖြူရောင်ဟာ အရောင်ပျော့မို့လို့ပါ။ နောက်ခံအရောင်ကို အရောင်ပြင်းတွေ မသုံးမိပါစေနဲ့။ နောက်တစ်ခု သတိထား သင့်တာက ကိုယ့် Blog ကို ဖွင့်ရင် ကြာမယ့်အချိန်ပါ။ Blog တစ်ခုကိုဖွင့်လို့ အကြာကြီးစောင့်နေရရင် ဘယ်သူမှ စိတ်ရှည်မှာ မဟုတ်ပါဘူး။ နာမည်ကြီး Blog ဆိုရင်တော့ ရေးထားတာတွေ ဖတ်ချင်လွန်းလို့ စောင့်ချင်စောင့်ကြပါလိမ့်မယ်။ ကိုယ်က အခုမှ အသစ်လုပ်ထားတာ၊ ကိုယ့် Blog ရဲ့ Value ကိုလည်း ဖွင့်တဲ့သူက သိဦးမှာ မဟုတ်ဘူး။ အဲဒီမှာ ဖွင့်ရတာ မြန်ဖို့ အရေးကြီးပါတယ်။ Blog ကို ဖွင့်ရတာမြန်ဖို့ လုပ်နည်းထဲက တစ်ခုကတော့ Object တွေ နည်းနည်းထည့်တာပါပဲ။ ကိုယ့် Blog မှာ မလိုအပ်တဲ့ Widget တွေ၊ ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို တတ်နိုင်သလောက် လျှော့ပြီး ထည့်တာပါပဲ။ ကိုယ်က ဖတ်တဲ့ သူကို ဘာပေးချင်တာလဲ၊ အဲဒါကိုပဲ အဓိကထားပေးပါ။ တခြားမလိုတာတွေ မထည့်ပါနဲ့။ သူများ ဘလော့ခ်လုပ်ထားတိုင်းလည်း လိုက်မလုပ်ပါနဲ့။
နံပါတ်လေး- Language တွေ တတ်ထားရမယ်
Blog ရဲ့ Home Page ကို စိတ်ကြိုက်ချယ်လှယ်နိုင်ဖို့ ကိုယ့်မှာ Web Language အကြောင်းတွေ ကို တော့ အနည်းငယ်သိထားရပါမယ်။ HTML ဆိုတာဘာလဲ၊ အဲဒီ code ထဲမှာ Head အပိုင်းက ဘယ် နေရာ မှာရှိသလဲ၊ ဘာတွေထည့်လို့ရသလဲ၊ Javascript တွေကိုရော HTML ရဲ့ ဘယ်နားမှာ ထည့်ရသ လဲ စသည်ဖြင့် သိထားရပါ့မယ်။ Blog ရဲ့ Page Formatting အပိုင်း (Font, Color, Page Width…) ကို လှလှပပ ကစားနိုင်ဖို့ CSS ကိုလည်း သိထားရပါမယ်။
နံပါတ်ငါး- ပုံမှန် Update လုပ်ရပါမယ်
အဲဒါဟာလည်း အရေးကြီးတဲ့အချက်ပါပဲ။ Blog တစ်ခု တစ်ခါဖွင့်လည်းဒါ၊ နောက်တစ်ပတ် လောက်ဖွင့် လည်း ဒါပဲဆိုရင် သေချာပါတယ်၊ နောက်လာတော့မှာ မဟုတ်ပါဘူး။ ငါ ဒီနေ့ဘာတင်မှာလဲဆိုတာ Offline မှာကတည်းက သေချာစဉ်းစားပါ။ ကြိုရေးထားပါ။ ပုံမှန်ရေးနိုင်ဖို့က အရေးကြီးဆုံးပါ။ တစ်ခုခု လုပ်ရမှာမို့ မအားသေးလို့ မရေးနိုင်သေးဘူးဆိုရင်လည်း ဘာကြောင့်မရေးနိုင်သေးတာ၊ ဘယ်အချိန်မှာ ပြန်လာလည်ပါဆိုပြီး information အတိအကျပေးပါ။
နံပါတ်ခြောက်- ကိုယ်ပိုင်ဖန်တီးမှုတွေဖြစ်ပါစေ
Blog ပေါ်မှာ ရေးတဲ့ Post တွေဟာ ကိုယ့်ရဲ့ Own Creation တွေ ဖြစ်ရင် ပိုကောင်းပါတယ်။ ကိုယ့် Blog ရဲ့ role မြင့်စေနိုင်ပါတယ်။ အဲဒီလိုမဟုတ်ပဲ ဟို Blog ဟာကူး၊ ဒီ Blog ဟာကူးဆိုရင် အလိုလို နေရင်း RoleMyanmar Blog ဆိုတာ အများအစားကြီး မရှိသေးပါဘူး။ တစ်ရက်ကျရင် မိမှာပဲလေ။ တချို့ကျတော့လည်း တကယ့်ကို သဘောရိုးနဲ့ link တွေ ထည့်ပေးထားတယ်၊ အများသိစေချင်လို့ ပြန် ဖြန့် ဝေတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ ဖတ်တဲ့သူတွေဟာ အဲဒီ Original Site ကိုပဲ ရွေ့သွားတတ်ကြတယ်ဆိုတာ သတိထားပါ။ (ဒါပေမယ့် ကျွန်တော်ကိုတိုင်းလဲ နည်းပညာပိုင်းနဲ့ ပါတ်သတ်ရင် မသိတဲ့အတွက်ကြောင့် ကျွန်တော်ဆီ လာလည်တဲ့မိတ်ဆွေတွေ နဲ့ ကျွန်တော်အတွက်ပါ ရှာဖွေဖို့ အချိန်ကုန်နည်းပြီး အကျိုး ရှိမယ့် Post တွေ ကို လေ့လာနိုင်အောင် ကျွန်တော်သိမ်း ထားပါ တယ်။ မူလရေးတဲ့ပုဂ္ဂိုလတွေဆီသွားလိုက လဲ အလွယ်တကူ သွားနိုင်အောင် လင့်တခါတည်း ပေးထား ပါတယ်။)
နံပါတ်ခုနစ်- စာဖတ်သူနဲ့ အမြဲထိတွေ့ပေးရမယ်
ကိုယ့် Blog ထဲကို ရေးသွားတဲ့ Comment တွေ၊ Cbox ထဲပြောသွားတဲ့စကားတွေ၊ ပို့လာတဲ့ mail တွေကို ပုံမှန် ပြန်ဖြေတာဟာလည်း ကိုယ့် Blog နဲ့ Blog reader တွေကို Stick ဖြစ်စေတဲ့နည်း တစ်ခု ပါ။ အဲဒါတွေကို ပုံမှန် reply ပြန်နိုင်ဖို့ ကိုယ်ဟာ internet ကို ပုံမှန်သုံးနေတဲ့သူဖြစ်ဖို့လို ကျသွားပါလိ့မ် မယ်။ တချို့ကျတော့လည်း မသိနိုင်ပါဘူးဆိုပြီး ကူးတာမျိုးတွေရှိပါတယ်။ကိုယ့်မှာ အဲဒီအတွက် အချိန်ရှိ ရဲ့လား ဆိုတာ သေချာသုံးသပ်ပါ။
နံပါတ်ရှစ်- ဝေဖန်တာခံနိုင်ရဲ့လား
ကိုယ်ကရေးပြီဆိုမှတော့ ကိုယ်ရေးတဲ့အကြောင်းအရာကို လက်ခံတဲ့သူတွေရှိသလို လက်မခံတဲ့သူတွေ၊ ရန်တွေ့လာတဲ့သူတွေ ရှိမှာပါ။ အဲဒါတွေကို ကြိုတွေးထားပါ။ ဖြစ်လာရင်ကော ကိုယ့်ဘက်က ဘယ်လို တုံ့ပြန်မလဲ။ တချို့ရှိသေးတယ်။ အလကားနေရင်း Cbox မှာ ၀င်ဆဲသွားတာမျိုး။ ကိုယ့်ကိုဆဲတာဆိုတာ့ ဒေါသထွက်မိမယ်၊ စိတ်တိုမိမယ်၊ အဲဒီဒဏ်တွေကို ခံနိုင်ရဲ့လား။
နံပါတ်ကိုး- လူအ၀င်နည်းရင် စိတ်အားငယ်ရတယ်
Blog လေးဖန်တီးပြီးပြီ၊ ပုံမှန်လည်း Update လုပ်ရဲ့သားနဲ့ လူအ၀င်နည်းပြီဆိုရင် စိတ်ဓာတ်ကျစရာ တော်တော်ကောင်းပါတယ်။ သူများဘလော့ခ်တွေရဲ့ တစ်နေ့တစ်နေ့ ၀င်ကြည့်သူအရေအတွက်ကို ကိုယ့်ဘလောခ့်က မမီဘူးဆိုရင် အလိုလိုနေရင်းကို စိတ်အားငယ်ရပါတယ်။ ကျွန်တော်ဆိုရင် မအိပ်နိုင် တဲ့ထိကို ဖြစ်ခဲ့ရပါတယ်။ ကဲ..အဲဒီလိုမျိုးတွေအတွက် တောင့်ခံနိုင်ရဲ့လားဆိုတာ စဉ်းစားပါဦး။
နံပါတ်တစ်ဆယ်- ရေရှည်လုပ်ငန်း ဖြစ်နေတယ်
တစ်လနှစ်လလေး ရေးပြီး နောက်မရေးတော့ဘူးကွာဆိုပြီး နေချင်နေလို့ရတာပါပဲ။ မအောင်မြင်လို့ နောက်ဆုတ်တဲ့သူလို့ ကိုယ့်ကိုယ်ကို အဖြစ်ခံမလား။ အောင်မြင်နေရဲ့သားနဲ့ မရေးတော့ ဘူးဆိုပြန်တော့ လည်း ကိုယ့်အောင်မြင်မှုကို မထိန်းသိမ်းနိုင်တဲ့သူ ဖြစ်သွားပြန်ရော။ အဲဒါကြောင့် ရေရှည်အလုပ်လို့ ပြောတာပါ။ အကြာကြီး လုပ်နိုင်ပါ့မလား။
နံပါတ်ဆယ့်တစ်- အသစ်တွေဖြစ်ရမှာနော်
ဘယ်သူမဆို အကြောင်းအရာအသစ်တွေဖတ်ချင်ကြတာပါပဲ။ ဂျာနယ်အဟောင်းနဲ့ ဂျာနယ်အသစ်ကို ယှဉ်ထားလိုက်ရင် ဂျာနယ်အသစ်ကိုပဲ အရင်ကောက်ကိုင်တတ်ကြတာပါ။ ကိုယ့် Blog မှာ တင်လိုက်တဲ့ အကြောင်းအရာတွေဆိုလည်း အသစ်တွေ ဖြစ်နေရပါ့မယ်။ ဒါမှ လူတွေ ပိုပြီး စိတ်ဝင်စားမှာပါ။ သတင်း တွေ ပေးတဲ့ Blog မျိုးဆိုရင် ပိုတာဝန်ကြီးပါတယ်။ နာရီပိုင်းနဲ့အမျှ အသစ်တင်နေရမှာပါ။ ကိုယ့်မှာ အဲဒီလို အသစ်တွေရှာဖို့၊ ရေးဖို့ အခြေအနေပေးရဲ့လား။
နံပါတ်ဆယ့်နှစ်- သတိလည်းထားရမယ်
ကိုယ်ရေးတဲ့ အကြောင်းအရာဟာ တိကျခိုင်လုံမှုရှိရပါ့မယ်။ ရမ်းဖြီးလို့ မရဘူးဆိုတာ သိထားပါ။ မဟုတ် ရင် ၀ိုင်းခွပ်မယ့်သူတွေ တစ်ပုံကြီးပဲ။
နံပါတ်ဆယ့်သုံး- အများအကျိုးဆောင်တဲ့အလုပ်ပါ
Blog ရေးတယ်ဆိုကတည်းက အကြောင်းအရာတစ်ခုခုကို လူအများသိစေချင်လို့ ရေးတာပါ။ အဲဒီမှာ ကိုယ်က လူထုကို ဘာပေးမှာလဲ၊ အကောင်းတွေပေးမှာလား၊ အကျိုးအပဲ့တွေ ပေးမှာလား။ အရွယ် ရောက် လို့ ကိုယ့်သမိုင်းကို ပြန်ကြည့်ရင် လိပ်ပြာမလုံရတဲ့ အကြောင်းအရာမျိုးတွေ မရေးရင် အကောင်း ဆုံးပါပဲ။ အများအကျိုးရှိအောင်လုပ်ပေးတဲ့သူကို တန်ဖိုးရှိတဲ့လူလို့ ရှေးလူကြီးတွေ ပြောခဲ့ကြပါတယ်။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ များအားလုံးကို ရိုသေစွာဂါဝရ ပြုလျှက်
ပျော်လေး

Registry ဆိုတာ ...ဒီလို့တဲ့
Registry ဆိုတာ ဘာလဲ .. ? (Run မှာ regedit လို့ ရိုက်ထည့်လိုက် ပေါ်လာတဲ့ ကောင်က registry ပေါ့ .. ဟီဟိ) . ဘာလုပ်ပေးသလဲ ဆိုတော့ ... ကွန်ပျူတာမှ ရှိတဲ့ နေရာမှန်သမျှကို သိမ်းဆည်းပေး ထား တာ ဒီကောင်ပေါ့ ။
ကွန်ပျူတာမှာ ရှိတဲ့ Hardware တိုင်းရဲ့ Information တွေ၊ Network Information တွေ၊ User တွေရဲ့ wallpaper, Screen Saver စတာတွေက အစ registry မှာ သိမ်းထားပါတယ်။ Registry တွေကို သိမ်းထားတာက Windows 98/Me မှာဆိုရင် System.dat နဲ့ User.dat ဆိုတဲ့ Binary နှစ် File ဖြစ်ပြီး၊ Windows NT/2000/XP မှာဆိုရင်တော့ များပြားလှတဲ့ Registry တွေကို Hives လို့ခေါ် ပြီး \Windows\System32\Config Folder မှာသိမ်းထားပါတယ်။ Registry တွေမြင်ချင်တယ်၊ ပြင်ချင်တယ်ဆိုရင် Start မှာ Run ကို ရှာပြီး regedit လို့ ရေးပြီး OK ပေး ။ Registry Editor ပေါ်လာပါတယ်။ Registry ကို Editor နဲ့ပဲပြင်လို့ရပါတယ်။ Win.ini တို့ System.ini တို့လို Notepad, Text Editor တို့နဲ့ပြင်လို့ မရပါဘူး။ Registry ဟာ ကွန်ပျူတာရဲ့အကြောင်းအရာတွေ Setting တွေကို Regedit.exe သုံးပြီး Windows Registry ကို တိုက်ရိုက် ၀င် Setting လုပ်တာ ဖြစ်ပါတယ် ။ Registry မှာ အဓိကအုပ်စု(၆)စု ရှိပါတယ်။
၁။ HKEY-CLASSES-ROOT
၂။ HKEY-CURRENT-USER
၃။ HKEY-LOCAL-MACHINE
၎။ HKEY-USERS
၅။ HKEY-CURRENT-CONFIG
၆။ HKEY-DYN-DATA
HKEY-CLASSES-ROOT
သူက window 9x ကအသုံးပြုတဲ့ Standard Class Objects တွေကို သတ်မှတ်ပေးတာပါ။ Class Object ဆိုတာ မျိုးတူ Function အုပ်စုတွေရဲ့နာမည်ပါပဲ ။
HKEY-CURRENT-USER
ကွန်ပျူတာ တစ်လုံးထဲမှာ အသုံးပြုသူတွေဟာ ကိုယ်ကြိုက်တဲ့ User Perference(wallpaper,screen saver,etc.) နဲ့ တစ်ယောက်ချင်း ကိုယ့်စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။ အဲဒီ User တစ်ယောက်ချင်းစီက သတ်မှတ်ထားတဲ့ Perference တွေကို HKEY-CURRENT-USER ထဲမှာ သိမ်းထားပြီး လက်ရှိအသုံးပြုနေတဲ့ User ရဲ့ Personalized Setting တွေကို ဒီမှာ သိမ်းပါတယ်။
HKEY-LOCAL-MACHINE
သူက ခုနက User Setting တွေနဲ့ လုံးဝမသက်ဆိုင်တဲ့ System ပိုင်းဆိုင်ရာ အချက်အလက်တွေကို သိမ်းထားပါတယ်။ သူက ကွန်ပျူတာမှာရှိတဲ့ ပစ္စည်းတိုင်းရဲ့ အကြောင်းအရာတွေကို၊ တပ်လိုက်သမျှ၊ ဖြုတ်လိုက်သမျှ ကို သိမ်းထားပါတယ်။
HKEY-USERS
အကယ်၍များ အကြောင်းအရာနှစ်ခု Setting ဖြစ်နေတယ်ဆိုရင် လက်ရှိအသုံးပြုနေတဲ့ အကြောင်း အရာ ကို သိမ်းထားတာဖြစ်ပါတယ်။ ဥပမာ- ခင်ဗျားကွန်ပျူတာမှာ မတူတဲ့ Monitor နှစ်လုံးတပ်ထား တယ်ဗျာ။ ဒါပေမယ့် အခုလက်ရှိ သုံးနေတာက နှစ်လုံးထဲက တစ်လုံး၊ ဒီကောင်က အခုလက်ရှိ သုံးနေတဲ့ Monitor နဲ့ ပတ်သတ်တဲ့ Values တွေကို သိမ်းထားပါတယ်။
HKEY-DYN-DATA
သူကတော့ ကွန်ပျူတာ အလုပ်မြန်မြန် လုပ်နိုင်ဖို့ System Configuration တွေကို RAM ပေါ်တင်ပြီး အလုပ်လုပ်ပါတော့တယ်။ သူဟာ Boot လုပ်တိုင်း System Configuration တွေပြောင်းလဲတိုင်း Update လုပ်ပါတယ်။
(မှတ်ချက်။ ။Regedit ရယ် Regedit 32 ရယ်ဆိုပြီး Windows 2000 နဲ့ XP မှာ နှစ်မျိုးရှိပါတယ်။ Regedition သုံးနေကျလည်းဖြစ်ပါတယ်။ အကြောင်းအရာတွေကိုလည်း ရှာဖွေပေးတဲ့ နေရာမှာလည်း Regedit 32.exe ထက်မြန်ဆန်တာကြောင့် Regedit ကိုပဲ အသုံးများတာပါ။ Windows XP မှာ HKEY-DYN-DATA ကိုတွေ့မှာမဟုတ်ပါဘူး ။ Idea ကတော့ တူတူပါပဲ။)

Saturday, April 14, 2012
လိုချင်တာတွေ ရရှိနိုင်ဖို့ Search Engines (15)

နောက်တစ်ခုက www.Google.com မှာလည် ( မိမိလိုချင်တာ + Mediafire (rapidshare ,megaupload ........) စတဲ့အတိုင်းရှာဖွေကလဲ အလွယ်တကူ ရရှိနိုင်ပါတယ်။
1.http://filecrop.com/
1. ဒီဆိုဒ်ကတော့ megaupload and rapidshare နှစ်ခုလုံးက Search Engines တွေကို ရှာဖွေပေးတာ ဖြစ်ပါတယ်။ Recent နဲ့ Popular တွေကိုလည် Home page မှာတွေ့မြင်နိုင်ပါတယ်။ နောက်ပြီ မိမိဆိုဒ်ကိုလည် Search Box မှာ Submit လုပ်နိုင်သလို မိမိရဲ့ Link တွေကိုလည် Search Engine’s index မှာ ထည့်နိုင်ပါတယ်။
2.http://www.searchshared.com/
2. ဒီဆိုဒ်ကတော့ Google Search Engines ပေါ်မှာ အခြေခံပါတယ်။ နောက်ပြီ Sharing and hosting ပေးထားတဲ့ websites အားလုံးမှာ ရှာဖွေပေးနိုင်ပါတယ်။
3.http://ww35.megadownload.com/
3. rapidshare, megaupload နှင့် also mininova တွေမှာ Google Search Engines တစ်ခုဘဲဖြစ်ပါတယ်။ ဖိုင် Type အားလုံးနီပါး ရှာဖွေပေးနိုင်ပါတယ်။
4.http://filefab.com/
4. ဒီ Search Engines တစ်ခုကတော့ Files Searing sites တွေမှ ရှာဖွေ ပေးနိုင်ပါတယ်။ နောက်ပြီး Rapidshare, Megaupload, Uploading.com နှင့် အခြား Hosting Sites တွေကို ရှာဖွေနိုင်ပါသေးတယ်။
5.http://www.sharingengines.com/
5. ဖိုင် အမျိုးအစား တော်တော်များများကို ရှာဖွေပေးနိုင်ပါတယ်။
6.http://searchrapidshare.com/
6. Rapidshare.com, megaupload.com, Yousendit.com, Depositfiles.com, Badongo.com စတဲ့ Hosting Link တော်တော်များများကို ရှာဖွေနိုင်ပါတယ်။
7.http://jqd.org/
7. Hosting Services အတော်များများကို ထောက်ပံ့ပေးပါတယ်။ ရှာဖွေရတာလည် အရမ်း ရိုရှင်းပါတယ်။
8.http://www.uvrx.com/
8. ဖိုင် အမျိုးအစား တော်တော်များများကို ရှာဖွေပေးနိုင်ပါတယ်။
9.http://www.filesbay.net/
9. Search Engines လေးကကို အတော်လှပပါတယ်။ ရှာဖွေရတာလဲ ထိရောက်တဲ့ ပံ့ပိုမှု့ရှိပါတယ်။
10.http://rapidzearch.com/
10. သူကလဲ ဖိုဒ်ဆိုဒ် အတော်များများကို ရှာဖွေပေးပါတယ်။
11.http://fileshunt.com/
11. Search Engines ပေါင်း ၂၀၀ ကျော်ကို Home page မှာ တွေ့နိုင်ပါတယ်။ ရှာဖွေရတာလဲ အတော် ရှာဖွေပေးနိုင်တဲ့ နေရာလေးတစ်ခုပါဘဲ။
12.http://www.rapidsharemegaupload.com/
12. သူကလဲ ဖိုဒ်ဆိုဒ် အတော်များများကို ရှာဖွေပေးပါတယ်။
13.http://www.gappon.com/
13. သူကလဲ ဖိုဒ်ဆိုဒ် အတော်များများကို ရှာဖွေပေးပါတယ်။
14.http://www.shareminer.com/
14. Hosting Services အတော်များများကို ထောက်ပံ့ပေးပါတယ်။ ရှာဖွေရတာလည် အရမ်း ရိုရှင်းပါတယ်။
15.http://designersunglassesz.com/?subid=Expired&subid2=6251
15. သူကလဲ ဖိုဒ်ဆိုဒ် အတော်များများကို ရှာဖွေပေးပါတယ်။
Friday, April 13, 2012
Blog နည်းပညာ နဲ့ အထွေထွေ...
Blog နည်းပညာ နဲ့ အထွေထွေ...
Aug 31 - 124. Malware အတွက် ဆော့ဝဲလ် အသစ်ပါ..။
Subscribe to:
Posts (Atom)